Monday, December 26, 2011

Wicket စာမြည်း

Wicket စာမြည်း

စနေနေ့က မိန်းမကို အလုပ်ဆင်းလာတာစောင့်ရင်း လိုင်ဘရီမှာ ၅ နာရီလောက် အချိန်ဖြုန်းခဲ့ပါတယ်။ Wicket in action ဖတ်ကြည့်ပါတယ်။

သဘောကျပါတယ်။ HTTP က stateless ဖြစ်ပြီး Java က stateful ဖြစ်ပါတယ်။ state တွေကို မှတ်နေရတာ Java ရဲ့ ပျင်းစရာအကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ Wicket က state management အတွက် ဖြေရှင်းပေးမယ်လို့ဆိုပါတယ်။ Juz java, Juz Html and correct abstraction လို့ဆိုပါတယ်။ JSP တွေ၊ JSF တွေလိုမဟုတ်ဘူး။ သူက ရိုးရိုးရှင်းရှင်းလေးလို့ဆိုပါတယ်။

နမူနာတစ်ခုပဲလုပ်ကြည့်ရသေးတဲ့အတွက် သိပ်အများကြီးမသိသေးပါဘူး။ သိတာကတော့ ရှေ့က version တစ်ခုမှာ xss attack vulnerable ရှိတဲ့အတွက် update ထုတ်ထားပြီဆိုတာပါပဲ။

များများသိတာဟာ ကောင်းပါတယ်။ ဘာတွေ ရှိနေပြီလဲဆိုတာသိမှ ကိုယ်က ကောင်းကောင်း အသုံးချနိုင်ပါမယ်။ အားလုံးကို နှိုးဆော်ချင်တာက ရပ်မနေပါနဲ့ ဆက်သွားပါ။ သိသထက်သိအောင်လုပ်ပြီး သုံးတတ်သထက်သုံးတတ်အောင်လုပ်ပါဆိုတာပါပဲ။

wicket အတွက် plug-in လည်း Eclipse မှာရှိပါတယ်။ Eclipse Helios သွင်းထားရင် Market Place မှာ ရှာပြီး download လုပ်လိုက်ရုံပါပဲ။

Wicket မှာ Java annotation ကို အလှူလိုသုံးထားတာကိုတွေ့ရပါလိမ့်မယ်။ developer တွေ အဆင်ပြေဖို့ ထုတ်တာတွေမှန်သမျှကို warmly welcome လုပ်ပါတယ်။ ASF (Apache Software Foundation) သက်တော်ရာကျော်ရှည်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Wicket in action ကတော့ Manning ရဲ့ in action series ပါပဲ။ ဖတ်ရတာ အဆင်ပြေပါတယ်။ ရှေ့စာမျက်နှာ ၂၀၊ ၃၀ လောက်အထိတော့ အဆင်ပြေနေတယ်လို့ တိတိကျကျပြောနိုင်မယ်ထင်ပါတယ်။

J2EE ဖြစ်စေ၊ C#,.Net ဖြစ်စေ၊ သူတို့ကြိုးစားနေတာတွေအကုန်လုံးက အဆင်ပြေဖို့ပါပဲ။ Hibernate လိုမျိုး ORM တွေဆိုရင်ပဲကြည့်လိုက်။ သီအိုရီအတူတူပဲ။ implement လုပ်ကြတာပဲကွာရင်ကွာမယ်။ achieve ဖြစ်ချင်တဲ့ goal တွေလည်းအတူတူပဲ။ language တစ်ခုခုကို ကျကျနနတတ်ဖို့ အချိန်များများယူလိုက်ရင် ကျန်တာတွေ လေ့လာတဲ့အခါ အများကြီး သက်သာပါတယ်။ learning curve တိုသွားမယ်လို့ဆိုလိုပါတယ်။

Regards,
Zero

Ref:
http://wicket.apache.org/

No comments: