Monday, December 26, 2011

freeze the column in excel

freeze the column in excel

ဒါကတော့ အပိုပေးတာပါ။ technical နဲ့ဘာမှမဆိုင်ပါဘူး။
documentation လုပ်တဲ့အခါ ရှေ့နားမှာ အရေးကြီးတဲ့ row တွေ excel ရဲ့ ရှေ့ပိုင်း column တွေမှာထားပြီး freeze လုပ်ထားချင်တဲ့အခါမျိုးတွေမှာသုံးပါတယ်။ excel ကိုက အများကြီးသုံးလို့ရတာတွေရှိပါတယ်။

Column ကို select မှတ်ပြီး view Menu ထဲက Freeze Pane မှာ သွားပြီး freeze လိုက်ရုံပါပဲ။
ရဲတွေ အော်တဲ့ Freeze လိုပါပဲ။ (မလှုပ်နဲ့ လက်မြှောက် လိုပါပဲ။) columns တွေ ရပ်နေမှာပါ။ နောက်ကို scroll ပင်ဆွဲသော်လည်း သူတို့ကတော့ မပျောက်တော့ပါဘူး။ ခပ်တည်တည်ကြီးရပ်နေတာကိုတွေ့ရပါလိမ့်မယ်။

ရှေ့ကလူတွေ လက်ကမြင်းပြီး freeze သွားတာတွေကို ပြန်ပြီး unfreeze လုပ်ချင်ရင်လည်း အဲဒီလိုပါပဲ။ view>freeze pane>Unfreeze ပါပဲ။

Freeze ကြည့်ပါဦး။ အဆင်ပြေမှာပါ။

Regards,
Zero

Ref:
http://office.microsoft.com/en-us/excel-help/freeze-or-lock-rows-and-columns-HP005203861.aspx

No comments: