Singleton
Design Pattern စာအုပ်တွေထဲမှာရော source code တွေမှာပါ တွေ့ဖူးပါတယ်။ ဘာအတွက်သုံးလဲအနည်းငယ်လောက်ပဲသိပါတယ်။ Java မှာသိစရာနည်းနည်းများတယ်ထင်ပါတယ်။ နည်းနည်းသိတဲ့အသိဟာအန္တရာယ်များတယ်ဆိုပေသော်ငြားလည်း အင်တာဗျူးဖြေဖို့ကြတော့လည်း အသုံးဝင်သား။
အကြမ်းဖျင်းလောက်ပဲပြောမှာဆိုတော့ wiki ရဲ့ဖွင့်ဆိုချက်ကိုပဲ ကိုးကားလိုက်ပါတယ်။ အိမ်ရောက်ရင် ထပ်ကိုးကားစရာများ ကံကောင်းထောက်မပြီးတွေ့ခဲ့ရင် နောက်တစ်ခေါက် ထပ်ကိုးကားပါဦးမယ်။ singleton ဟာ class တွေ instantiation လုပ်တာကို ကန့်သတ်ဖို့သုံးပါသတဲ့။ system တစ်ခုလုံးမှာ ဒီ Object တစ်ခုပဲသုံးမယ်ဆိုပြီး ဒီဇိုင်းဆင်ရင် သုံးတယ်ပေါ့ခမျာ။ အထူးသဖြင့် သူ့ကို Instance ဘယ်နှစ်ခုအထိပဲသုံးမလဲဆိုတာမျိုးကန့်သတ်ချင်ရင် အဆင်ပြေတယ်ပေါ့ဗျာ။
Anti-pattern လို့လည်းဆိုကြသဗျ။ Anti-pattern ဆိုတာက သုံးသာသုံးနေတယ်။ အကျိုးသိပ်မရှိဘူး။ သူ့ဘာသာသူ ရွာလည်နေတယ်လို့ဆိုလိုတယ်။ အသုံးမတတ်တာကြောင့်လည်းဖြစ်နိုင်သလို၊ မလိုအပ်ဘဲသိပ်သုံးလွန်းတာကြောင့်လည်းဖြစ်မယ်။ အင်တာဗျူးရင်တော့ လွှတ်သာပြောပေး။ ဒီလိုကိစ္စတွေသိတယ်ဆိုတာ တော်ရုံမဟုတ်ဘူး ထင်လာတဲ့အထိပေါ့။
Java မှာတော့ ပျင်းပျင်းရိရိ singleton နဲ့ မပျင်းတပျင်းဆိုပြီးနှစ်ခုရှိတယ်ဗျ။
ပျင်းတယ်ဆိုတာကတော့ ခိုင်းတိုင်းမလုပ်ဘူးပေါ့ခမျာ။ တခြားလူလုပ်ပေးမလား ထကြည့်တာပေါ့။ ရှိရင် ဒီကောင့်ကိုခိုင်းလိုက်ပါ။ ကျွန်တော်ဆက်အိပ်နေချင်လို့ဆိုတာမျိုးကို ပျင်းတယ်ခေါ်တာပေါ့။
ဒါလေးတွေတော့ကြည့်ထားပေါ့ဗျာ။ လေတွေချည်း စွတ်ပေါနေတော့လည်း တကယ်မရေးတတ်ဘူးထင်ပြီးမေးကြည့်ရင် ခက်နေမယ်။ ချရေးပြနိုင်တော့ တစ်ပန်းခွဲလောက်သာတာပေါ့။
public class MySingleton {
private static MySingleton _instance =
new MySingleton();
private MySingleton() {
// construct object . . .
}
public static MySingleton getInstance() {
return _instance;
}
// Remainder of class definition . . .
အဲဒီမှာကြည့်ရင် MySingleton ကြီးကို ခေါ်လိုက်တာနဲ့ instantiate လုပ်ပြီး memory ပေါ်တင်ထားလိုက်တယ်။ static ပါတဲ့အတွက် သူက အလားတူကောင်တွေနဲ့အတူရှိနေမရှိနေ memory တစ်ခွင်မှာသူတစ်ကောင်သာရှိနေဖို့အတွက် လုပ်ထားတယ်ပေါ့ဗျာ။ ခေါ်လိုက်တိုင်း တစ်ကောင်ထွက်လာမယ်။ရှိနေတဲ့ကောင်သေမယ်။ ခြင်္သေ့မင်းဆိုတာ တစ်ကောင်တည်းပဲ မန်မိုရီတစ်ဂူတည်း နှစ်ကောင်မအောင်းချင်ဘူးပေါ့ဗျာ။
ငပျင်း singleton
public class MySingleton {
private static MySingleton _instance;
private MySingleton() {
// construct object . . .
}
// For lazy initialization
public static synchronized MySingleton getInstance() {
if (_instance==null) {
_instance = new MySingleton();
}
return _instance;
}
// Remainder of class definition . . .
}
Java ကို မချစ်ကြတာ ဒီအကြောင်းတွေကြောင့်ထင်တယ်။ ဘာတွေလျှောက်ရေးထားမှန်းမသိတာများလို့ဖြစ်မယ်။ synchronized ဆိုတာကတော့ ဒီ method ကို တစ်ယောက်သုံးနေရင်နောက်တစ်ယောက်ကစောင့်နေပေတော့တဲ့။ lock လုပ်တဲ့သဘောပါ။ အင်မတန်အန္တရာယ်များပါတယ်။ ပထမတစ်ယောက်က သူပဲ ထာဝရသုံးနေမယ်ဆိုရင် နောက်တစ်ယောက်က နောက်ဘ၀မှပဲသုံးရပါမယ်။ token ဆိုတဲ့ network topology လို သူကပဲ အပိုင်စီးထားလိုက်ရင်ကျန်တဲ့သူတွေ ငုတ်တုတ်မေ့သွားသလိုပေါ့ခမျာ။ အခုန static method ဆိုတာကလည်း နည်းနည်းပွားပြီးပြီဆိုတော့ထပ်မပွားတော့ပါဘူး။ ဒီ တစ်ခေါက်တော့ စစချင်း new နဲ့ instantiate မလုပ်တာကိုတွေ့ပါလိမ့်မယ်။ if(instance==null) ဆိုတာကတော့ ပျင်းလို့ အရင်အကောင်ရှိသေးရင် အဲဒီအကောင်ကို ဆက်သုံးကြပါ။ ငါ့ကို မခေါ်ပါနဲ့ဦးဆိုတဲ့သဘောပါပဲ။ တကယ်လို့ ရှေ့ကကောင်ကြွပြီဆိုမှ သူ့ကို အသစ်ဖန်တီးပြီး သုံးလို့ရမယ်ဆိုတဲ့သဘောပါပဲ။
Bill Pugh ဆိုတဲ့ researcher ကလည်း ကဲတယ်ခင်ဗျ။ အခုနက ကျွန်တော်ပြောတဲ့ synchronized ကြီးက ဒုက္ခပေးတယ်ဆိုတာသူလည်း ပေါက်တယ်တဲ့ခင်ဗျ။ သူကတော့ researcher ပီပီ အချိန်တွေပိုနေတော့လျှောက်ရေးပုံရပါတယ်။
public class Singleton { // Private constructor prevents instantiation from other classes private Singleton() { } /** * SingletonHolder is loaded on the first execution of Singleton.getInstance() * or the first access to SingletonHolder.INSTANCE, not before. */ private static class SingletonHolder {
public static final Singleton instance = new Singleton(); } public static Singleton getInstance() {
return SingletonHolder.instance;
}
}
static final Singleton ပါခဗျ။ final keyword ကလည်း အင်မတန်ကျယ်တဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုရေးလိုက်တာ သရက်စေ့ဖြစ်တယ်တဲ့ခင်ဗျ။ thread-safe ဆိုတာ အခုန synchronized သုံးတာမျိုး၊ တစ်ယောက်သုံးနေတုန်း နောက်တစ်ယောက်က ၀င်မရှုပ်အောင်လုပ်တာမျိုးကိုခေါ်တယ်လို့ အကြမ်းမှတ်ထားလိုက်ရင်ရလောက်ပါပြီ။
Regards,
Zero
အခုအချိန်ကစပြီး ref: များကို လူလေးစားလောက်အောင်ထည့်တော်မူသွားပါတော့မယ်။ နောက်တစ်ခါ ပြန်ဖတ်ရင် Bookmarks ကနေ မရှာချင်တော့ဘူး။
ref:
http://java.sun.com/developer/technicalArticles/Programming/singletons/
http://en.wikipedia.org/wiki/Singleton_pattern
http://www.javaworld.com/javaworld/jw-04-2003/jw-0425-designpatterns.html
ဒီင်္အောက်ဆုံးကလင့်ခ်ကတော့ ဂန်းအော့ဖ်ဖိုးကို နောက်ပြောင်တယ်ခင်ဗျ။
http://www.infoq.com/news/2007/07/GoFCriticism
Regards,
Zero
အခုအချိန်ကစပြီး ref: များကို လူလေးစားလောက်အောင်ထည့်တော်မူသွားပါတော့မယ်။ နောက်တစ်ခါ ပြန်ဖတ်ရင် Bookmarks ကနေ မရှာချင်တော့ဘူး။
ref:
http://java.sun.com/developer/technicalArticles/Programming/singletons/
http://en.wikipedia.org/wiki/Singleton_pattern
http://www.javaworld.com/javaworld/jw-04-2003/jw-0425-designpatterns.html
ဒီင်္အောက်ဆုံးကလင့်ခ်ကတော့ ဂန်းအော့ဖ်ဖိုးကို နောက်ပြောင်တယ်ခင်ဗျ။
http://www.infoq.com/news/2007/07/GoFCriticism
No comments:
Post a Comment