Sunday, January 8, 2012

အိုဘယ့် Filezilla

အိုဘယ့် Filezilla

အခုရေးမယ့် အကြောင်းအရာကတော့ I.T သမားတိုင်းမကင်းနိုင်တဲ့အရာပါ။
စဉ်းစားကြည့်ပါဦး။ ဘာများဖြစ်မလဲလို့။

Bug လား။
Shedule Deadline လား။
Version Control လား။
IDE လား။
အဲဒါတွေမဟုတ်သေးပါဘူး။ တခြားတစ်ခုပါ။
File Sharing အကြောင်း သုံးမိနစ်စာလောက်ပြောချင်ပါတယ်။

လူရယ်လို့ဖြစ်လာရင် မိဘလုပ်စာချည်းထိုင်စားနေလို့ မတင့်တယ်ဘူးဆိုသလို file ရယ်လို့ဖြစ်လာရင် ကိုယ့်စက်မှာချည်း နေချင်လို့မဖြစ်ဘူး။ အတူတူသုံးဖို့အတွက် share ခံရတယ်။ သနားဖို့တောင်ကောင်းတယ်။ ဘောလီဘောပွဲကလိုပဲ ဟိုဘက်ကို ပို့တယ်ခင်ဗျ၊ ဟိုဘက်က download ကြီးနဲ့ ပင့်တင်မလိုနဲ့ဆွဲချလိုက်တယ်ခင်ဗျ။ ပြန်ပြီး upload ပါတယ်ခင်ဗျာ။ ဒီဘက်အသင်းကလည်း download ကြီးနဲ့ဗြုန်းခနဲခုတ်ချပါတယ်ခင်ဗျာ။ corrupted ဖြစ်ပါတယ်။ တစ်ခါတစ်လေ File Size ကြီးက mail ကနေ ပို့မရလောက်အောင်ကြီးပါတယ်။ third party တွေဆီကပို့ရင်လည်း ကိုယ့်ရဲ့ confidential data တွေကို တခြားသူဆီမှာ ယုံယုံကြည်ကြည်ထားပေးရာရောက်ပါတယ်ခင်ဗျ။

တစ်ရုံးထဲမှာတောင် security ကောင်းကောင်းနဲ့ share ဖို့ဆိုတာ AD ရှိရင်သာလွယ်တယ်ခင်ဗျ။ AD မှာ define လုပ်ထားတဲ့ usears တွေကို share လုပ်ခါနီးမှာရှာပြီး user A ကို folder A share မယ်။ user B ကို folder A မ share ဘူး။ စသဖြင့်ရွေးလို့ရပါတယ်။ ဆိုးတာက ကိုယ်ဘာသာ ဘာတွေ ဘယ်လို share ထားမှန်း မှတ်မထားချင်တာပါ။ Manage ပြန်လုပ်ရတာလည်း ပျင်းစရာကောင်းပါတယ်။

အလွယ်တကူ shareချင်ပြီး access right တွေဘာတွေနဲ့ သပ်သပ်ရပ်ရပ်လေးလုပ်ချင်ရင် ftp server သုံးလို့ရပါတယ်။ ရည်ရွယ်ချက် အကြီးကြီးနဲ့ထုတ်လိုက်တဲ့ ftp server တွေကို ရည်ရွယ်ချက်သေးသေးလေးနဲ့ပြန်သုံးတဲ့သဘောပါခင်ဗျ။

Filezilla server ကို သုံးကြည့်ပါ။ မလေးပါဘူး။ ပေါ့ပေါ့ပါးပါးရှိပါတယ်။ Download+install လုပ်ချိန် ၇ မိနစ်ဝန်းကျင်။ user create လုပ်၊ folder access ပေး၊ password ပေးတာက ၅ မိနစ်ခန့်။ စုစုပေါင်း ၁၂ မိနစ်လောက်ဆိုရင် ftp server up လေသတည်း။

server ရှိရင် client ရှိရမယ်။ ဆရာနဲ့ တကာပဲ။ ကယ်တင်ရှင်နဲ့ဝေနေယျလိုပဲ။ တခြား network အတူတူထဲက စက်တစ်ခုခုမှာ filezilla client သွင်းပါ။ FTP Server သွင်းထားတဲ့စက်ရဲ့ IP ကို ချိတ်ပါ။ shared ထားတဲ့ folder ကို မြင်ရပါပြီ။ စုစုပေါင်း ၈ မိနစ်ခန့်။ total မိနစ် ၂၀ လောက်မှာ ခင်ဗျားတို့ ftp server နဲ့client ကို ပတ္တလားပမာ တီးမိခေါက်မိသွားပြီ။

ကိုယ့်ရုံးမှာ public IP ရှိတဲ့ Server မှာ Filezilla Server သွင်းထားပြီး အပြင်မှာ storage space ရောင်းစားလို့ရနိုင်တယ်။ ဒါမှမဟုတ် တခြားရုံးတွေကို security ကောင်းကောင်းနဲ့ share နိုင်ပါတယ်။

Multiple folders share တဲ့အခါ စလုပ်လုပ်ချင်း နည်းနည်း ခက်တတ်ပါတယ်။ Home ပေးထားတာကို နည်းနည်း နားလည်အောင်ကြည့်ပါ။
C:/folderA ကို H (Home) Folder ပေးထားတယ်ဆိုပါတော့ ။ Folder နှစ်ခုရှိတယ်လို့ယူဆလိုက်။

C:/folder A
D:/folder B

အဲဒီနှစ် folder ကို user A ကို share ထားရင် user A က ftp client နဲ့ဝင်ရင်
\ ဆိုပြီး root folder က server မှာ home ပေးထားတာပဲ မြင်ရပါတယ်။ အဲဒီတော့ folder A က home folder ဆိုရင် folder A ကိုပဲမြင်ရပါမယ်။ folder B ကိုပါမြင်ချင်ရင် folder B ရဲ့ alias ကိုပြောင်းရပါမယ်။ full path နဲ့ရေးရပါတယ်။ ဥပမာ folder B ရဲက alias=C:/folder A/ folder B

အဲဒီလိုပေးလိုက်ရင် client ဘက်မှာ \ (root directory) အောက်မှာ folder B လို့ပေါ်ပါမယ်။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ shortcut တစ်ခု folder A ထဲမှာ လာလုပ်သလိုမျိုးပါပဲ။

alias=C:/folder A/myfav ဆိုရင်လည်းရပါတယ်။ client ဘက်ကကြည့်ရင် root directory (\) အောက်မှာ myfav ဆိုတဲ့ folder ပေါ်နေပါမယ်။ အဲဒါဟာ folder B ပါပဲ။ client ဘက်က နာမည်မှန်မသိစေချင်ဘူးဆိုရင် alias=C:/folderA/pyawpyabu ဆိုပြီးပေးလည်းရလောက်ပါတယ်။ pyawpyabu ဆိုတာကတော့ ပါဠိလို (မပြောပြဘူးလို့ အဓိပ္ပာယ်ရပါတယ်။ :})

ကဲ ftp တရားနာကုန်သော တကာ၊တကာမတို့သည်လည်း မိမိတို့ အသီးသီး ဦးတည်ကုန်ရာ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ကြပါစေကွယ်ရ်။

Regards,
Zero

Notes:
Window firewall မှာ port တွေပိတ်ထားတတ်တဲ့အတွက် စမ်းတဲ့အခါ server ဘက်က local network မှာ window firewall ကို off ထားပါ။

telnet (IP)(Space)(Port)
နဲ့ port 21 ပွင့်မပွင့်စမ်းကြည့်လို့ရပါတယ်။

Window 7 မှာဆိုရင် telnet client ကိ on ပြီးမှ telnet လုပ်ကြည့်လို့ရပါတယ်။
telnet client က Xp မှာဆိုရင်တော့ auto on ပြီးသားပါ


Start
Control Panel
Programs And Features
Turn Windows features on or off
Check Telnet Client
Hit OK